Saturday, February 27, 2010

ညအလင်္ကာ မှ နှုတ်ဆက်ခွဲခွာခြင်း

အားလုံးသော သူငယ်ချင်းများကို နောက်ဆုံးပိုစ်နဲ့ ပဲ နှုတ်ဆက်ပါတယ်ဗျာ

ညအလင်္ကာ ဘလော့စပေါ့မှာ

ို ဒီနေ့ကစပြီး ပိုစ်တွေမတင်တော့ပါဘူး

ကျနော်

http://www.junctionpointjp.blogspot.com/

ရေးတော့မယ်ဆိုတဲ့အကြောင်း အားလုံးသော သူငယ်ချင်များကို

အသိပေးအကြောင်းကြားခဲ့ပါတယ်ဗျာ

ခင်မင်စွာဖြင့်

ညအလင်္ကာ (Forever)

ဒေါ်ညိမ်းကျေးရွာ တပေါင်းလပြည့်နေ့ပွဲတော်အကြောင်း

ဒေါ်ညိမ်းကျေးရွာ တပေါင်းလပြည့်နေ့ပွဲတော်အကြောင်း



တပေါင်လပြည့်နေ့မှာ ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေရင်း



ဒေါ်ညိမ်းကျေးရွာမှာ ပွဲတော်နေ့အတွက် အလှခြင်းခတ်ပြိုင်ပွဲနဲ့



နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတော်အကြောင်းလေး သိရှိခဲ့ရတဲ့အတွက်



အမှတ်တရနေ့လေးအဖြစ်နဲ့ ရေးသားတင်ပြလိုက်ပါတယ်ဗျာ

………………………

ပွဲက ညနေ ( ၁၈.၀၀) စတော့ ကျနော်က မမှီလိုက်ဘူးဗျ



အလုပ်ချိန်က အဲ့ဒီမှ အားတာကို ရေချိုး ထမင်းစားတာနဲ့ပဲ ( ၁၇.၀၀) ရှိသွားပြန်ရော



တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကလည်း ဘောလုံးပွဲကောင်းတာကို

ဘာတဲ့…………….ချယ်ဆီး ----မန်စီးတီး .ဟ.ဟ………အဲ့ဒါကို ဘေးချိတ်.



ဘုရားပွဲကို အမြန်ပြေး……..တော်သေးတာပေါ့ ….မှီလိုက်တယ်……



ရောက်တော့ အလှခြင်းခတ်ပွဲလေးက စနေပြီ………



ရွာပေါင်းစုံကလည်း သူအဖွဲ့နဲ့သူပြင်ဆင်နေကြပြီ ……….အောက်မှာကလည်း ပွဲမ၀င်ခင် အပြင်က

ကျင်းပနေသလို


လေ့ကျင့်နေကြတာတွေ့ခဲ့ရပါတယ်……….



စင်ပေါ်ကိုကြည့်လိုက်တော့လည်း အကြိတ်အနယ် အလှအပလေးတွေနဲ့ ခြင်းခတ်ပြနေကြတာ

ရင်မောစရာ ကောင်းတယ်ဗျာ…………….

ကျနော်လည်း ဓါတ်ပုံလေးရိုက်ခဲ့တာပေါ့

နောက် ဘုရားလှည့်မယ့် နှစ်ကျိတ်ရှစ်ဆူဘုရားဘက် ကို ခြေဦးပြန်လှည့်ပြီး သွားကြည့်တော့

သပ္ပါယ်လိုက်တာ စိတ်ကိုအေးသွားပြန်ရော…………………….

ဓါတ်ပုံရိုက်ပြီး ရုံကိုပြန်လာပြန်ခဲ့တာပေါ့………




ပြန်လည်းရောက်ရော ဘောလုံးပွဲက ချယ်ဆီး………မန်စီးတီး ( 2.4) တဲ့ဗျာ ရင်ကိုခံသွားပြန်ရော

ဘာပဲပြောပြော ဒီနေ့လေးဟာလည်း ကျနော်အတွက် အမှတ်တရနေ့လေးအဖြစ်

ရေးသားလိုက်ပါတယ်ဗျာ

ခင်မင်စွာဖြင့်

ညအလင်္ကာ (Forever)

“ စိတ် “ ရဲ့ အကွာအဝေး ( ဘယ်လောက်ထိ နီးနိုင် / ဝေးနိုင်ကြသလဲ ??? )




“ စိတ် “ ရဲ့ အကွာအဝေး ( ဘယ်လောက်ထိ နီးနိုင် / ဝေးနိုင်ကြသလဲ ??? )

တစ်အိမ်တည်းမှာနေတဲ့ လင်မယားဟာ ဘယ်လောက်အထိ နီးနိုင်သလဲ …….?

ဘယ်လောက်ထိ ဝေးနိုင်သလဲ……..?

စာဖတ်သူတို့ သိကြမလား…………?

မတူညီတဲ့ ဖြေဆိုမှုတွေကတော့ ထွက်လာကြမှာပါ

- တကယ်ချစ်တဲ့ လင်မယားကတော့ နီးကျပြီဆိုရင် တစ်သားတည်းဖြစ်သွားကြတာရှိမယ်


- တကယ်ချစ်ရင်တော့ “ ဝေးစမ်းပါစေ…..မိုင်ပေါင်း ကုဋေ၊ အချစ်က မပျောက်ပျက်ဘူး ဆိုတာတွေ


- တစ်ခုတင်တည်းနေပြီး တစ်ယောက်နဲ့ တစ်ယောက် ယုဇနာတစ်သောင်းလောက် ဝေးနေကြတာတွေ ရှိကြမှာပါ


“ ဘာကြောင့်လဲ “


ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ ဘ၀မှာ တစ်ဦးနဲ့ တစ်ဦး သဘောတူညီခဲ့ဖူးတာဆိုလို့………….


“ လက်ထက်ကြမယ်လို့ “ ဆုံးဖြတ်တာ တစ်ခုပဲရှိတယ် .


ကျန်တာတော့ အမြဲတမ်း သဘောထားကွဲလွဲနေတာချည်းပဲ…………


ကျွန်တော်ပြောတဲ့အထိမှာ -စဉ်းစားစရာတွေ ပါ ပါတယ်။။။။။။။။


“ လူတွေ ဒေါသထွက်တဲ့အချိန်မှာ စကားကို ဘာကြောင့် အော်ပြီးပြောကြတာလဲ? “


စဉ်းစားကြည့်ကြပါ………….


“ တစ်ဖက်လူက ကိုယ့်ဘေးနားမှာ ရှိနေတာပဲ…အေးအေးဆေးဆေးပြောရင်းရလျက်သားနဲ့ အော်ပြောကြတာတွေ


ဟာ………….ဘာကြောင့်လဲ? ”


အမှန်တော့ …………


“ .လူနှစ်ယောက် စိတ်တိုပြီး ဒေါသထွက်နေတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေပါတယ်……….”


အဲ့ဒီ ဝေးနေတဲ့ အကွာအဝေးကို အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ပြောကြတယ်၊


“ အော်လေလေ……..ဒေါသထွက်လေလေ…. “


“ ဒေါသထွက်လေလေ…………. စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ……..”


“ ဟော……..စိတ်ချင်းကွာဝေးလေလေ……….အော်ကြလေပဲ…….”


ဥပမာ……..


သမီးရည်းစား ချစ်သူတွေကိုကြည့်ကြပါ………..


“ လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်တတ်ကြသလဲ………”


ဒေါသနဲ့ ပြောကြတဲ့ လူနှစ်ယောက်ရဲ့ ဆန့်ကျင်ဖက်ပဲ ………..


ဘာကြောင့်လဲဆိုတော့……..


“ ရည်းစားဖြစ်နေတဲ့ လူနှစ်ယောက်ရဲ့ စိတ်တွေဟာ အရမ်းနီးနေတယ်………….


စိတ်သဘောခြင်း ထပ်တူနီးပါးကျနေကြတယ်……….


ဒါကြောင့် ..တီတိုး..တီတိုး ပဲ ပြောကြတယ်”

(……………….)


“ စိတ်အကွာအဝေးနီးလေလေ……….ပိုချစ်ကြလေပဲ…”


“နောက်ဆုံးမှာ စကားပြောစရာတောင်မလိုဘဲ အမူအရာချင်း၊ မျက်လုံးခြင်း၊ အချစ်တွေ ဖလှယ်ကြတယ်။။။။။။။”


အဲ့ဒီအချိန်မျိုးမှာ……………..


“ စိတ်အကွာအဝေးဆိုတာ လုံးလုံးမရှိတော့ဘူး…တစ်ထပ်တည်းကျသွားပြီ….


.လူနှစ်ယောက် ငြင်းခုန်ရန်ဖြစ်နေတဲ့ အချိန်မှာ စိတ်တွေမကွာဝေးစေပါနဲ့


စိတ်ကွာဝေးတဲ့ စကားမျိုး မပြောသင့်ဘူး…………”


စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည်ဆွေးနွေးလို့ရလာမှာပါ…


နောက်ဆုံးပြောပြရရင်…


ကျနော်တို့ရဲ့ လူဘ၀မှာ နေ့စဉ်နဲ့အမျှ ပြဿနာပေါင်းစုံက တွေ့ကြုံနေရတာပါ…


မနာလိုဝန်တိုမှု… စေတနာနည်းမှုတွေကို…


ခွင့်လွှတ်ခြင်း…….၊


တစ်ကိုယ်ကောင်းမဆန်ခြင်း အဖြစ်


ပြောင်းလဲ ပေးနိုင်တယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲဗျာ


စာဖတ်သူများကို ချစ်ခင်စွာဖြင့်

ညအလင်္ကာ (Forvere)

Wednesday, February 17, 2010

ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မရဘူး . “ ဒါဆို ဘာလုပ်ရင် အကောင်းဆုံးလဲ? ”




ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မရဘူး .
“ ဒါဆို ဘာလုပ်ရင် အကောင်းဆုံးလဲ? ”

တစ်နေ့ အဲ……..အတိအကျပြောရရင် မနေ့ ကလို့ ပြောရင် မှန်မယ်ဗျ
ကျနော် ရယ် အလုပ်က ဆရာတစ်ယောက်ရယ်  ကိစ္စရှိလို့ ဖျာပုံကို ကားနဲ့ သွားကြ ပါတယ်………….
သွားရင်းနဲ့ လမ်းမှာ ကျောင်းသွားတတ်ကြတဲ့ ကလေးတစ်စုကို တွေ့ရတယ်
သူတို့တွေ ကျောင်းတတ်ကြတာလည်း ပင်ပန်းလှပါတယ်

Saturday, February 13, 2010

အပျိုကြီးများ၏ အားသာချက်များ


ဒီပိုစ်ကို ရေးသားသော ကျနော်ရဲ့ အမတစ်ယောက်လိုလဲ ဖြစ်၊ သူငယ်ချင်းလည်းဖြစ်သော မမမေသက် ကို Credit ပေးပါတယ်၊


အပျိုကြီးများ၏ အားသာချက်များ

အပျိကြီးတို့ကို “ ဖက်လုံးအဖော်ပြုသူ” တိရစ္ဆာန် ထိန်းကျောင်းသူ “ အထီးကျန်သူ” စသည့်ဖြင့် ထိခိုက်ပြောဆိုသူ


တစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြပါသည်။

ယင်းအားသာချက်များမှာ……………….

ရုပ်မြင်သံကြားကြည့်ပါက Remorte Control လုပ်စရာမလိုခြင်း

နံစော်သော အ၀တ်အစားမျာကို လျော်စရာမလိုခြင်း

ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။

`ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း

တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးလုပ်စရာမလိုခြင်း

“ ဘာဝတ်မှာလဲ” ဒါလေး ၀တ်ပါလား…………. ဟု နေ့စဉ် ပြောစရာမလိုခြင်း

အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာမလိုခြင်း

မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း

စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း

၁၀ အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူ တစ်ဦးဦးကို စောင့်ကြည့် ဆူပူ

ထိန်းချုပ်နေစရာမလိုခြင်း

၁၁ ကုတင်ပေါ်တွင် လွတ်လွတ်လပ်လပ်တစ်ကိုယ်တည်း စိတ်ကြိုက်အိပ်စက်ရခြင်း

၁၂ မည်သူနှင့်မျှ စကားမပြောလိုဘဲ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေလိုပါက နေခွင့်ရခြင်း

၁၃ လွတ်လပ်စွာ နေခွင့်ရခြင်း

၁၄ သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း

၁၅ ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း

၁၆ သွားချင်ရာသို့ သွားချင်သည့်အချိန် သွားလာခွင့်ရခြင်း

၁၇ ၀ယ်ချင်ရာကို ၀ယ်နိုင်ခြင်း၊ အ၀တ်ဗီယိုထဲထညိ့ဖွက်ထားစရာမလိုခြင်း၊ ၀ယ်ထားတာကြာပြီဟု လိမ်ပြောစရာမလိုခြင်း

၁၈ စည်းကမ်းများ၊ တင်းကြပိမှုများ ဘောင်များကြားတွင် နေစရာမလိုခြင်း

၁၉ မိမိယုံကြည်ရာ ပြောလိုရာကို ပြောလို ပြောလိုသူနှင့် ပြောဆို ဆွေးနွေးနိုင်ခြင်း

၂၀ စားချင်ရာ စားသောက်နိုင်ခြင်း

၂၁ လုပ်ချင်သည့် အလုပ်အကိုင် လုပ်ကိုင်နိုင်ခြင်း

၂၂ ညဖက် အလုပ်လုပ်နိုင်ခြင်း၊ စာဖတ်နိုင်ခြင်း

၂၃ အ၀တ်ဗီယိုကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်း

၂၄ မိမိစိတ်မ၀င်စားသည့် အကြောင်းအရာ ပစ္စည်းပစ္စယ တို့ကို လိုက်ပါ စိတ်ဝင်စားနေစရာမလိုခြင်း

၂၅ မိမိမကြိုက်သောအပြုအမူ၊ အနေအထိုင် ၊ အသံဗလံများကို အထူးသည်းခံခွင့်လွတ်နေစရာမလိုခြင်း

၂၆ လွတ်လွတ်လပ်လပ် လေပုပ်ထုတ်နိုင်ခြင်း

၂၇ မိမိမသုံးပဲ ရေအိမ်ကို ရေဆွဲချစရာ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း

၂၉ စိတ်မပါသော်လည်း သည်းခံစိတ်လျော့ကာ ပြုစုနေစရာမလိုခြင်း

၃၀ တစ်စုံတစ်ဥိးကို မှီခိုအားကိုးနေစရာမလိုခြင်း

စသည်တို့ဖြစ်ကြောင်း…………………တင်ပြလိုက်ပါတယ်

..

ညအလင်္ကာ(Forever)

Friday, February 12, 2010

အာဒံသေချာမသိသေးတဲ့ပန်းသီးတစ်လုံးအကြောင်း(တဂ်ပိုစ့်)


အာဒံသေချာမသိသေးတဲ့ပန်းသီးတစ်လုံးအကြောင်း(တဂ်ပိုစ့်)

တရုတ်စကားပုံတစ်ခုရှိတယ်မဟုတ်လား………
 “ စာကောင်းပေးကောင်းလေးများ ဖတ်လို့ရှိရင်… အချစ်ဆုံးကို မိတ်ဆွေကို သတိရပါတဲ့”
“အစားကောင်းကလေးများစားရင်လည်း သတိရပါတဲ့”…..
အဲ့လိုပဲ  ကျနော်ညီလေးလည်းဖြစ်တဲ့ မောင်ဖိုးနမ်းကတို့များလည်း လုပ်ချလိုက်ပုံက……
ပန်းသီးတစ်လုံးကိုများဗျာ ကိုယ့်ဘာသာကိုယ် စားပစ်လိုက်ပေါ့ဗျာ…….အခုတော့  မဟုတ်ပေါင်ဗျာ……
“ ပန်းသီးရဲ့ အပေါ်ပိုင်းလည်းမဟုတ်……..အောက်ပိုင်းလည်းမဟုတ်၊ အလယ်ပိုင်းကိုစားပြီးမှ အကိုဖြစ်သူကို
 သတိရတာနဲ့ ကျွေးတော့ ကျွေးပါရဲ့…….ဟဲဟဲ…………….
မွေးစားအကို ညအလင်္ကာကို တက်ဂ်ပိုစ့် ပေးပါတယ်ဆိုလာမှတော့…………….အင်း
 ကျနော့် ခေါင်းပေါ်မှာ တပင်စ…နှစ်ပင်စ  ဖြူစေတဲ့ ကြာဇံကလေးတော့ မောင်ဖိုးနမ်းကြောင့် လိုက်ပွဲ တစ်ပွဲစာ
ဖြစ်တော့မယ် ထင်ပါရဲ့ဗျာ … “ ဟိုက် …..ရှာလပါး” ( အီကြာကွေး)ကြီးရဲ့စကားကို ခဏငှားသုံးလိုက်ပါတယ်………………

ဘယ်လွှဲ ညာလွှဲ



ဘယ်လွှဲ ညာလွှဲ
Come Here ………………Goes There                  
ဆိုင်ရှင်ဖြစ်တဲ့ ကျနော် ပျင်းပျင်းရိရိနဲ့ စာသုံးသူ အလာကို စောင့်နေပါတယ်
ဆိုင်ရှင်ဆိုလည်း ကျနော်
စားပွဲထိုးလည်းကျနော်
ချက်ပြုတ်လည်း ကျနော်ပါပဲ …………………………….
ဆိုင်မှာ နေ့လည်အခင်းအချိန်ုဖြစ်သည့်အတွက် ဆိုင်ထဲမှာ ခြောက်သွေ့နေပါတယ်
ကျနော့် ဆိုင်ရဲ့ အပြင်အဆင် ညံလို့လားမသိ၊……………………….တစ်နေ့တစ်နေ့ စားသုံးသူကိုမျော်ရတဲ့ နေ့ရယ်လို့မရှိ။

ဒီနေ့ လည်း စားသုံးသူအလာကို ငိုက်မြည်းချည်းများစွာနဲ့ စောင့်နေပါတယ်
ကျွီ…………… ဆိုတဲ့ အသံ
တံခါး ဖွင့်သံကြားလို့   ကျနော် ခေါငိးထောင်ကြည့်လိုက်ပါတယ်
လူနှစ်ယောက်ဝင်လာတယ်……………………….
ဆိုင်ထဲဝင်ထိုင်တော့
ကျနော်သွားမေးလိုက်တယ်
”ဘာများသုံးဆောင်မလဲ ခင်ဗျာ”
 
Copyright© ညအလင်္ကာ